ရွှေပြည်သာ ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံခရိုင်၊ရွှေပြည်သာမြို့နယ်၌ မိုးတွင်းကာလ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရန်အတွက် ရေစီးရေလာ ကောင်းမွန်စေရေး လုပ် ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ချောင်းများ၊မြောင်းများအား ယနေ့နံနက်ပိုင်းတွင် တူးဖော်ဆောင် ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၁၃)ရပ်ကွက်နှင့် အမှတ်(၈)ရပ်ကွက်တို့တွင် မြိုနယ်စည်ပင်သာယာရေးအဖွဲ့၊ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ဆယ်အိမ်မှူးများ၊ ရပ်ကွက် နေပြည်သူများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း