လှည်းကူး ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးခရိုင်၊လှည်းကူးမြို့နယ်၊စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံး ၌ပိုးသတ်ဆေး၊ဓာတ်မြေဩဇာ၊မျိုးစေ့ဆိုင်ရာ ရှင်းလင်းခြင်းနှင့် တောင်သူပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ တောင်သူပညာပေးဆွေးနွေးပွဲတွင် တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ ဦးမိုးခိုင်က ပိုးသတ်ဆေးဥပဒေအကြောင်းကိုလည်းကောင်း၊တိုင်းမြေအသုံးချတာ ဝန်ခံ ဒေါ်မြင့်မြင့်မော်က မြေဩဇာဥပဒေအကြောင်းကိုလည်းကောင်း၊တိုင်းမျိုးစေ့တာဝန်ခံဒေါ်ဆွေဆွေဦးက မျိုးစေ့ဥပဒေအကြောင်းကိုလည်းကောင်း၊တိုင်း/ခရိုင်ပညာရှင်များက သီးနှံစိုက်ပျိုးရေးဆိုင်ရာ နည်းပညာများအကြောင်းကို တောင်သူများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဥပဒေဆိုင်ရာနှင့် တောင်သူပညာပေးဆိုင် ရာ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့သည်။
ဆွေးနွေးပွဲသို့ လှည်းကူးမြို့နယ်ပိုးသတ်ဆေး၊မြေဩဇာနှင့်မျိုးစေ့အရောင်းဆိုင်များမှ လုပ်ငန်းရှင်များ၊ တောင်သူများနှင့်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစု ပေါင်း(၃၅)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
အေးအေးနွဲ့