တိုက်ကြီး ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနက Training Course On Town Land Survey No-16 သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက တိုက်ကြီးမြို့နယ်၊ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းကျောင်းမှ ဌာနမှူးများ၊ နည်းပြများ၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ သင်တန်းသားများ တက်ရောက်ကြပြီး သင်တန်းဖွင့်ပွဲတွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ မြေစာရင်း၊ မြေတိုင်းနှင့်ပုံနှိပ်ဌာနခွဲမှ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းတွင် နယ်နိမိတ်တိုင်းတာပိုင်းခြားသတ်မှတ်ရေးဥပဒေ၊ မြန်မာနိုင်ငံတော်အောက်ပိုင်းမြို့ရွာရှိ မြေယာလက်စွဲအက်ဥပဒေ၊ မြန်မာနိုင်ငံတော်အထက်ပိုင်း မြေခွန်တော်လက်စွဲဥပဒေ၊ ၁၉၁၃ ခုနှစ် မြန်မာနိုင်ငံတော် မြို့ရွာအမိန့်ဆင့်ဆိုချက်၊ မြန်မာနိုင်ငံတော်မြေစာရင်းလက်စွဲဥပဒေ၊ မြို့ကွက်တိုင်းတာရာတွင် မြေပြင်ထိန်းအမှတ်(GCP)နှင့် ချိတ်ဆက်တိုင်းတာသည့်နည်းလမ်းများ၊ Total Station ဖြင့် မြို့ကွက်တိုင်းတာခြင်းနည်းလမ်းများ၊ Geomedia ဖြင့် မြေပုံရေးဆွဲခြင်း၊ Monochrome Plotter ဖြင့် မြေပုံထုတ်ခြင်းနည်းလမ်းများ စသည့်ဘာသာရပ်များကို သင်ကြားပို့ချပေးမည်ဖြစ်ရာ သင်တန်းသို့ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ သင်တန်းသား ၈၀ ဦးတက်ရောက်ပြီး သင်တန်းကာလမှာ ဇွန်လ ၉ ရက်မှ ဇူလိုင်လ ၄ ရက်နေ့အထိ လေးပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)