မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စာဖတ်ဝိုင်းပြုလုပ်

မင်္ဂလာဒုံ ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာနတွင် လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံ၍ အသိပညာ၊အတတ်ပညာ မြင့်မားပြီး အတွေးအခေါ်၊အယူအဆများ မှန်ကန်လာစေရန် ရည်ရွယ်လျက် စာဖတ်ရှိန်မြှင့်တင်ရေး အစီအစဉ်အဖြစ် စာရေးဆရာအောင်သင်း၏ နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါစာအုပ်ဖြင့် ယနေ့ နံနက်ပိုင်းက လူငယ်စာဖတ်ဝိုင်းကို ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က  စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club)မှ ဆရာမကြီးသက်ဦးခင်က စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများအား စာရေးဆရာအောင်သင်း၏ နှလုံးသားကို လေးပေါ်တင်၍ ပစ်သောအခါစာအုပ်မှ လူငယ်နှင့်သည်းခံမှု ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့သည်။ ထို့နောက် စာဖတ်ဝိုင်း ၌ ဆွေးနွေးခဲ့ကြသည့် အချက်များနှင့်စပ်လျဉ်း၍ စာပေစိတ်ပါ၀င်စားသူ  လူငယ်များက ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြပြီး ခင်းကျင်းပြသထားသော စာအုပ်စာ စောင်များ နှင့် နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း