သန်လျင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းများ စုပေါင်းဆောင်ရွက်

ရန်ကုန် ဇွန် ၉

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်နှိမ်နှင်းရေး (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ လူနေအိမ်များတွင် စုပေါင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ ဦးဆောင်၍ ရပ်ကွက်စာရေးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း (ဖုံး၊ သွန်၊ လဲ၊ စစ်) သရုပ်ပြခြင်းများ၊ အဘိတ်ဆေးခတ်ခြင်းများ၊ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများကို အသိပညာပေး ပြောကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ခရိုင် ပြန်/ဆက်)