မိုင်းယန်း ဇွန် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာပါက မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ဆုံးရှုံးမှုကို လျင်မြန်စွာ ကူညီတုံ့ပြန်နိုင်ရန်နှင့် ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဇာတ်တိုက်လေ့ကျင့်လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့နယ်မီးသတ်ဦးစီးဌာန၌ ပြုလုပ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိနှင့်တပ်ဖွဲ့ဝင်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များမှ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်နိုင်ရေးအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးစက်ပစ္စည်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးနှင့် ကူညီကယ်ဆယ်ရေးဆိုင်ရာ လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ကူညီကယ်ဆယ်ရေးပစ္စည်းအမျိုးအစားများနှင့် ကြိုတင်စုဆောင်းထားရှိမှု အခြေအနေတို့အား လေ့လာကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး