နောင်တရားမြို့ ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေးကွင်း (စန္တာခမ်းကွင်း) သာယာလှပရေးအတွက် သစ်ပင်ပေါင်း (၁၁၀၀) ပင် စိုက်ပျိုး

နောင်တရား ဇွန် ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ ပအိုဝ်းအမျိုးသားဘက်စုံဖွံဖြိုးရေးကွင်း (စန္တာခမ်းကွင်း)၌ ကွင်းပတ်ဝန်းကျင်သာယာလှပရေးအတွက် သစ်ပင်ပေါင်း(၁၁၀၀) ပင်ကို ယမန်နေ့ မွန်းလွဲပိုင်းတွင် စိုက်ပျိုးသည်။

အဆိုပါသစ်ပင်စိုက်ပွဲတွင် ဆရာတော်သံဃာတော်များ၊ စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်းကော်မတီဝင်များ၊ ဒေသခံပြည်သူများက စုပေါင်း၍ ခါတော်မီ(၅၀၀)၊ ချယ်ရီ(၃၀၀)၊ ကျွန်း(၂၀၀)၊ ခရေ(၅)၊ သပြေဘူတ(၁၇)၊ ရေတမာ(၂)နှင့် ဝက်သစ်ချ(၇၆)ပင် စုစုပေါင်း (၁၁၀၀)ပင် တို့ကို စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း အတက်လမ်း ဘယ်ညာ၊ ကွင်းပတ်လည်နှင့် ကွင်းအနောက်ဘက်တို့တွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်းသိရသည်။

ခွန်အောင်(နောင်တရား)