ကွန်ဟိန်း ဇွန် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင် ရေးသားထားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးက စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် စာဖတ်ဝိုင်းတွင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်မွန်က “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်ဒေါ်သဲမာအောင်က “လူငယ်များအတွက်ဇာတက” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်အေးစိန်မှ “ဆရာနှင့်ပတ်သတ်သည့်အတွေးများ” ခေါင်းစဉ်ဖြင့်လည်းကောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး အသိပညာပေး နံရံကပ်စာစောင်များ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းအား ဖတ်သူတိုးပွားလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ဗဟုသုတများ ဖလှယ်သည့် အလေ့အထများ တိုးပွားလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပြီးကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)