ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲပဉ္စမနေ့ ဆက်လက်ဖြေဆို

ဒဂုံတောင် ဇွန် ၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ အစိုးရပါဋ္ဌိပထမပြန်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊(၅၃)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် အတုလအောင်ဇေယျုံ  (ဦးဘိုးလှ) ဓမ္မာရုံ၌  ဇွန်လ ‌၄ ရက်နေ့ မှ စတင်ဖြေဆိုလျှက်ရှိရာ ဇွန်လ ၈ ရက်နေ့ မွန်းတည့် ၁၂ နာရီက ပဉ္စမနေ့အဖြစ် အေးချမ်းစွာ ဆက်လက်ဖြေဆို တော်မူကြသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲတွင်  ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ သံဃာတော်များမှ ပထမကြီးတန်း ၆၉ ပါး၊ ပထမလတ်တန်း ၆၈ ပါး၊ ပထမငယ်တန်း ၁၀၃ ပါးနှင့် သီလရှင်များမှ ပထမကြီးတန်း ၃ ပါး၊ ပထမလတ်တန်း ၁၁ ပါး၊ ပထမငယ်တန်း ၂၈ ပါး၊  စုစုပေါင်း ၂၈၂ ပါး ဝင်ရောက်ဖြေဆို‌တော်မူကြသည်။

ယင်းသို့ဖြေဆိုရာတွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိ၊မြို့ဖများက အချိုရည်နှင့်ရေသန့်ဗူးများကို ဆက်ကပ်လှူဒါန်းပေးကြပြီး ကျန်းမာရေး၀န်ထမ်းများက စာဖြေသံဃာ တော်များ၊ သီလရှင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့်လိုအပ်သည်များ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

သန်းသန်းအေး