ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပြည်သူများ ယင်လုံအိမ်သာ ရာနှုန်းပြည့် ဆောက်လုပ်သုံးစွဲရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်

ပုဗ္ဗသီရိ ဇွန် ၉

ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ပြည်သူများ ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲနိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဇေယျာသီရိခရိုင် အုပ်ချုပ်ရေးမှူး ဦးစောနိုင်က အမှာစကားပြောကြားပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ  ပြည်သူများအတွက် ယင်လုံအိမ်သာ ဆောက်လုပ်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးစောနိုင်၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိန်ကြည်နှင့် တာဝန်ရှိသူများက ပေးအပ်ရာ ပြည်သူများကိုယ်စား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)