တာချီလိတ်မြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

တာချီလိတ် ဇွန် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ်၊ ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၃၃၁)ခြေမြန် တပ်ရင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်မင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဝေသုံနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး မင်းသိန်းတို့က ပျိုးပင်များပေးအပ်ရာ ကျောင်းဆရာ၊ ဆရာမများ၊ လွယ်စတုံကျေးရွာနှင့် ဖာတီမာကုန်းကျေးရွာနေ ပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက လက်ခံရယူကာ ကျွန်း ၂၀၀ ပင်၊ မဟော်ဂနီ ၂၀၀ ပင်၊ မယ်ဇလီ ၂၀၀ ပင်၊ မန်ဂျန်ရှားပင် ၄၆၀ ပင်၊ စိန်ပန်း ၅၀ ပင်၊ ကံ့ကော် ၅၀ ပင်၊ ခရေ ၅၀ ပင်၊ စသည့်ပျိုးပင် စုစုပေါင်း ၁၂၁၀ ပင်ကို တစ်ပျော်တစ်ပါး စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လွယ်စတုံကျေးရွာ အ.မ.က စာသင်ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ လွယ်စတုံကျေးရွာနှင့် ဖာတီမာကုန်းကျေးရွာနေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သစ်တောဦးစီးဌာန ခရိုင်/မြို့နယ် ဝန်ထမ်းများနှင့် တပ်ရင်းတပ်ဖွဲ့များ စုစုပေါင်းအင်အား ၅၂၀ ဦးခန့် တက်ရောက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)