ဖျာပုံမြို့၌ စားသုံးသူ ဘေးကင်းလုံခြုံမှုရှိစေရေးဆီအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် လိုက်လံစစ်ဆေး

ဖျာပုံ ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများသည် မြို့နယ်အတွင်း ရောင်ချလျက်ရှိသော ဆီအရောင်းဆိုင်များအား စားသုံးသူ ဘေးကင်းလုံခြုံမှုရှိစေရေး စျေးကွက်စောင့်ကြည့် လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က လိုက်လံစစ်ဆေးဆောင်ရွက်ကြသည်။

အဆိုပါ စားသုံးသူ ဘေးကင်းလုံခြုံမှုရှိစေရေး ဆီအရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့် လိုက်လံစစ်ဆေးရာတွင် ဖျာပုံခရိုင်စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးထွေးသိမ်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများပါဝင်သောအဖွဲ့က မြို့နယ်အတွင်း ရောင်းချလျက်ရှိသော စားအုန်းဆီအရောင်းဆိုင်များတွင် ဗူးဆီများအား သတ်မှတ်ထားသော မြန်မာစာ ကုန်အညွှန်းအမှတ်အသားပါ/မပါ၊အလေးချိန်ပြည့်/မပြည့်၊ FDAထောက်ခံချက်ပါ/မပါ လိုက်လံစျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်းသိရှိရသည်။

အောင်ဝင်းနိုင်

ဖျာပုံ (ပြန်/ဆက်)