အမရပူရ ဇွန် ၉
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဦးစီးမှူးရုံးမှ လာမည့်ရွေးကောက်ပွဲ၊ ပဥ္စမအကြိမ်မူကြမ်းပါ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများ၊ နံပါတ် ၁၀ လုံးပါ UID ကတ်များနှင့် အိမ်ထောင်စုဇယားများကို ပန်းခင်းစီမံချက်-၃ ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအုပ်စုတွင် ဇွန်လ ၈ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါပန်းခင်းစီမံချက် ၃ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၅၂ခု၊ UID ကတ် ၇၀ ခုနှင့်အိမ်ထောင်စုဇယား ၁၅ ခု တို့ကို တိုက်နယ်မှူးလဝကမှူး ဒေါ်ခင်လှ၊ ဒုတိယလဝမှူး ဒေါ်ထွေးထွေးဝင်းတို့ ဦးဆောင်သောအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်လဝကဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ သိရသည်။
စိုးသီဟ (အမရ)