ကျောက်ဆည် ဇွန် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွှန်းလွှဲပိုင်းက ကျောက်ဆည်မြို့နယ်၊ သင်တောင်းကျေးရွာ၊ မဟာရွှေသိမ်တော်မြတ်စွာ ဘုရားဝန်းအတွင်းရှိ ကေသီဦးဓမ္မာရုံတွင် ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို ကျောက်ဆည်မြို့နယ် သံဃာ့နာယကအဖွဲ့ဆရာတော်ကြီးများ စာမေးပွဲကြီးကြပ်ရေးဆရာ တော်ကြီးမျာနှင့် ဌာနဆိုင်ရာများ၏ ပံ့ပိုးဆောင်ရွက်မှုဖြင့် ဇွန်လ (၈) ရက်နေ့၌ ပထမကြီးတန်းတွင် ယမိုက်အထက် (၅) ကျမ်းဘာသာရပ်ကို သံဃာ (၃၆) ပါးအနက် သံဃာ (၃၃) ပါး၊ ပထမလတ်တန်းတွင် ယမိုက်အောက် (၅) ကျမ်းဘာသာရပ်ကို စာရင်းရှိသံဃာ (၄၅) ပါးအနက် သံဃာ (၃၅) ပါး၊ ပထမငယ်တန်းတွင် ဘာသာပြန်ဘာသာကို စာရင်းရှိသံဃာ (၁၂၂) ပါးအနက် သံဃာ (၁၀၁) စုစုပေါင်း စာရင်းရှိသံဃာ (၂၀၃) ပါးအနက် သံဃာ (၁၆၉) ပါး ဝင်ရောက်ဖြေဆိုလျက်ရှိရာ ပါဠိပထမပြန်စာမေးပွဲကို ၂၀၂၅ ခုနှစ် ဇွန်လ (၄) ရက်နေ့မှ ဇွန်လ (၁၀) ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်