ကျောက်ဆည်မြို့နယ် မယ်ဇယ်ပင်ကျေးရွာတွင် အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးလုပ်ငန်းစီးမံကိန်း အခြေခံစက်ချုပ်နည်းပညာသင်တန်း ဆက်လက်သင်ကြားပေး

​ကျောက်ဆည် ဇွန် ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ကျောက်ဆည်မြို့နယ် မယ်ဇယ်ပင်ကျေးရွာ မာရ်အောင်မြင်ဘုရားဝန်းတွင် အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးလုပ်ငန်းစီမံကိန်းအဖြစ် ယနေ့မွန်းလွဲပိုင်းက  အခြေခံစက်ချုပ်နည်းပညာသင်တန်း  ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံစက်ချုပ်နည်းပညာသင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂)ရက်မှ ဇူလိုင်လ (၁)ရက်နေ့အထိ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး မွမ်းမံစက်ချုပ် နည်းပညာသင်တန်းကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သင်တန်းတွင် ထူးချွန်သူ (၅)ဦးအားရွေးချယ်ကာ လုပ်ငန်းများထူထောင်နိုင်ရန် စက်ပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း  သင်တန်းနည်းပြများဖြစ်သည့် ဒေါ်မြနှင်းဦးနှင့် ဒေါ်နွယ်နီအောင်တို့မှ စာတွေ့ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်းသို့ မယ်ဇယ်ပင်ကျေးရွာမှ သင်တန်းသူ(၁၁)ဦး တက်ရောက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)