ညောင်ဦးမြို့နယ်၌ စိမ်းလန်းစိုပြည်သာယာလှပစေရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ညောင်ဦး ဇွန် ၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ ဒေသတွင်းစိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန် ၉ ရက်တွင် ကုန်းတန်းကြီးကျေးရွာ မြန်မာ့မီးရထား (ပုဂံဘူတာ) ဝင်း အတွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များက စိုက်ပျိုးမည့်ပျိုးပင်များ ပေးအပ်ကာ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ သစ်ပင်များ စုပေါင်းစိုက်ပျိုးကြသည်။

ညောင်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးဆောင်စိုက်ပျိုးသည့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်တွင် ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အခြေခံပညာဦးစီးဌာနမှ ဆရာ/မများ၊ ကျောင်းသား၊ ကျောင်းသူများက ယင်းမာ ၂၅၀ ပင်၊ မန်ကျည်း ၂၀၀ ပင်၊ တမာ ၂၅၀ ပင်၊ ပဲချယ်ရီ  ၅၀ ပင်၊ ပိတောက် ၅၀ ပင်၊ ကုက္ကို ၂၀၀ ပင်၊ စုစုပေါင်းနှစ်ပေအထက် ပျိုးပင် (၁၀၀၀) ပင်တို့အား စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဒီပါလင်း