ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာအုပ်စု တဲကြီးကုန်းကျေးရွာရှိ နွေစပါး (ထိုင်းနှံကောက်) စိုက်ခင်းအား ကွင်းဆင်းကြည့်ရှုအား‌ပေး

ဇမ္ဗူသီရိ ဇွန် ၈

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအောင်ပြည့်စိုးနှင့်တာဝန်ရှိသူများက ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်း ကျေးရွာအုပ်စု တဲကြီးကုန်းကျေးရွာရှိ လယ်ယာဂုဏ်ဆောင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွား‌ရေးလုပ်ငန်းသမဝါယမအသင်းမှအသင်းသားတောင်သူ ဦးကျော်မြင့်ဦး စိုက်ပျိုးထားသည့်နွေစပါး (ထိုင်းနှံကောက်)ဧက၂၀စိုက်ခင်းအားယနေ့နံနက်ပိုင်းက  ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းကြည့်ရှုအားပေးရာတွင်သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးအောင်ပြည့်စိုးက၂၀၂၅-၂၀၂၆ခုနှစ်၊မိုးစပါးစီမံကိန်းလုပ်ငန်းအကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းမျိုးစပါးအား စိုက်ပျိုးရန်နှင့်သွင်းအားစု လိုအပ်ချက်များအား စိုက်ပျိုးချိန်မတိုင်မီအသင်းသားတောင်သူများ လက်ဝယ်သို့ ဖြန့်ဖြူးရရှိနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

နီလာ( ပြန်/ဆက် )