မှော်ဘီမြို့နယ်၌ ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ

မှော်ဘီ မေ ဇွန် ၈

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်မှော်ဘီမြို့နယ် ရပ်ကွက်ကျေးရွာ​စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေး လုပ်ငန်းများနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀နာရီ အချိန်က မော်ပီဆရာသိန်းစာကြည့်တိုက်ခန်းမ၌ မြို့နယ်စာကြည့်တိုက်များ ကြီး ကြပ်ရေးကော်မတီများ၊ စာပေချစ်မြတ်နိုးသူများဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

ရပ်ကွက်ကျေးရွာစာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးလုပ်ငန်းနှင့် စာဖတ်ရှိန် မြှင့်တင်စာပေ စကားဝိုင်းတွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စာရေးဆရာ မောင်ချိုဝေမှ မုဒိတာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးစန်ဝင်းက ရပ်ကွက်ကျေးရွာစာကြည့်များ ရှင်သန်ခိုင်မာရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက ထပ်ဆင့်ဆွေးနွေးပေးခဲ့သည်။

ဆက်လက်ပြီး စာဖတ်ရှိန်​မြှင့်တင်ရေး စာပေစကားဝိုင်းအား ကျင်းပခဲ့ရာ မြို့နယ်စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဥက္ကဋ္ဌ စာရေးဆရာ မောင်ချိုနွယ်က အဖွင့်အမှာစကား ပြောကြားကာ စာရေးဆရာတစ် မိုးအောက်၊ ဆရာဝင်းဇော် (သုံးဆယ်)၊ ဆရာမ ယွန်းထိပ်ထား၊ ဆရာ ထွန်းကျော်လူ၊ ဆရာထွန်းအောင်ရင်တို့မှ ဖတ်ရှုသမျှထဲမှ အကြောင်းအရာများအား ပြန်လည်ဝေငှပေးကာ စာဖတ်ရှိန်မြှင့်တင်ရေး စာပေစကားဝိုင်းသို့ တက်ရောက်လာကြသည့် မှော်ဘီမြို့နယ်မှ စာပေချစ်မြတ်နိုးသူများက ဆွေးနွေးမှုများအပေါ် အပြန်အလှန် သုံးသတ်ဆွေးပေးကာ ရင်းရင်းနှီးနှီး မိတ်ဆက်၍ ဆွေးနွေးပွဲကို အဆုံးသတ်ခဲ့ကြောင်း သိရသည်။

စန်းဝင်း (ပြန်/ဆက်)