ကော့မှူးတွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာ‌ အောင်သံဃာစူဠဘွဲ့နှင်းသဘင်ပူ‌ဇော်ပွဲ အခမ်းအနား ကျင်းပ

ကော့မှူး ဇွန် ၈

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် ပါဠိပထမပြန် စာအောင်သံဃာစူဠဘွဲ့နှင်း သဘင်ပူ‌ဇော်ပွဲ အခမ်းအနားကို ဘုရားလမ်းရပ်ကွက် မဟာဝိဇ္ဇောဒယကျောင်း တိုက်၌ ယနေ့နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားကို ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာကြသော ဧည့်ပရိသတ်များက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယ ကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ‌ပညာစက္ကထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းက သာသနာရေးဆိုင်ရာ ကိစ္စများအား လျှောက်ထားခဲ့ပြီး ကြွရောက်လာသော ဩဝါဒဆရာတော်များအား နဝကမ္မဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စာအောင်သံဃာတော်များအား အောင်လက်မှတ်များနှင့် နဝကမ္မဝတ္တုငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဥပဌာကဥက္ကဋ္ဌ ဦးခင်ဇော်နှင့်တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ကော့မှူးမြို့နယ်တွင် ၂၀၂၄ ခုနှစ်အစိုးရပါဠိ ပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော် ပထမကြီးတန်း (၁)ပါး၊ ပထမလတ်တန်း (၁၃)ပါး၊  ပထမငယ်တန်းအောင် (၁၅)ပါး၊ အခြေပြုမူလတန်း‌အောင်သံဃာ (၂၁)ပါး၊  စုစုပေါင်း သံဃာ/သီလရှင် (၅၀)ပါး အောင်မြင်ခဲ့ကြပြီး သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)