နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ၂၀၂၅ခုနှစ် ပါဠိပထမပြန် စာမေးပွဲတွင် သံဃာတော်များနှင့် သီလရှင်များအေးချမ်းစွာ ဖြေဆိုနေမှုအား ဖူးမြော်ကြည်ညို

နေပြည်တော် ဇွန် ၈

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဒက္ခိဏသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်၊ မြို့နယ်သံဃနာယက အဖွဲ့ဝင်ဆရာတော်များနှင့် ကြီးကြပ်ရေးဆရာတော်ကြီးများ ကြီးကြပ်ကာ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်၊ ရွှေလက်လှ စေတီတော်မြတ်ကြီးဝန်းအတွင်းရှိ သာသနာလင်္ကာရဗိမာန်၌ ပါဠိပထမပြန် စာမေးပွဲကို ယ‌နေ့မွန်းတည့် (၁၂) နာရီအချိန်က ဆက်လက်ဖြေဆိုရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး သွားရောက်ကြည့်ရှုကြည်ညိုခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်သည် ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန်လုပ်ငန်းရှင်များနှင့် စက်သုံးဆီဆိုင် အလှူရှင်များ စုပေါင်း၍ သြဝါဒါစရိယဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ်ရေး ဆရာတော်များ၊ စာဖြေသံဃာတော်များနှင့် သီလရှင်များ၏  ဆွမ်းကွမ်း ဝေယျာဝစ္စအတွက်  လှူဒါန်းငွေ ကျပ်တစ်ဆယ့်ရှစ်သိန်းကိုးသောင်းကို မြို့နယ်သံဃနာယ ကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် အကျိုးတော်ဆောင် ဆရာတော်ကြီးများအား ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် သာသနာလင်္ကာရဗိမာန်အတွင်း ၂၀၂၅ ခုနှစ်  ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုမှုများကို ဖူး‌‌မြော်ကြည်ညိုခဲ့သည်။ ဒက္ခိဏသီရိမြို့နယ် စာဖြေဌာနတွင် ၂၀၂၅ ခုနှစ် စာမေးပွဲကို ဇွန်လ ၄ ရက်မှ ဇွန် ၁၀ ရက်အထိ ကျင်းပလျက်ရှိရာ စာဖြေသံဃာတော်များနှင် သီလရှင်များ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ အလှူရှင်များက စာဖြေသံဃာတော်များ၏ ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စများနှင့် ကျန်းမာရေးကိစ္စရပ်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)