မင်္ဂလာတောင်ညွန့် ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်တွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံသားမှတ်ပုံတင်ကတ်ပြားများကို ကာယကံရှင်များထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံသားမှတ်ပုံတင်ကတ်ပြား (၁၉)ကတ်အား မြို့နယ်လဝကမှူး ဒေါ်သွယ်သွယ်ငြိမ်း ဦးဆောင်သောအဖွဲ့မှ ကျီတော်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကာယကံရှင်များထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြပါသည်။
ထို့ပြင် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ရန် ကျန်ရှိနေသူများအား ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားခဲ့ကြောင်း သိရသည်။
မြတ်မြတ်အေး (ပြန်/ဆက်)