ငါန်းဇွန် ဇွန် ၇
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့မရဲစခန်းဝင်းအတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်ငွေတိုက်တွင် G.12 မေးခွန်းလွှာများထားရှိနိုင်ရန် ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်း၊ အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဗိုလ်၊ ဗိုလ်မှူးဌေးဝင်းဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးကျော်ဇင်သန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးဆုမွန်ထွန်း၊ မြို့နယ်စီးပွားရေးဘဏ်ခွဲ မန်နေဂျာဒေါ်စန်းစန်းလွင်တို့ ပါဝင်သောအဖွဲ့က မေးခွန်းလွှာများထားရှိမည့် နေရာအားမီးဘေးအန္တရာယ်မရှိစေရေး စစ်ဆေးခြင်း၊ မီးသတ်ဆေးဘူးများ ကောင်းမွန်မှုရှိ/မရှိ စစ်ဆေးခြင်းနှင့် အပူရှိန်ကြောင့် အောင်းပူမဖြစ်စေရေး သတိပြုနိုင်ရန် အသိပညာပေးရှင်းလင်းဆွေးနွေး ပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)