မင်္ဂလာဒုံ ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် အသက်(၅)နှစ်အောက်ကလေးငယ်များအား အဓိကကျန်းမာရေးစောင့် ရှောက်ပေးသည့်နေ့(သောကြာနေ့)အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ အဟာရစောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် ပုံမှန်ကာကွယ်ဆေးများထိုးနှံခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ဝင်းဝင်းမာက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများမှ အသက်(၅)နှစ် အောက်ကလေးများ၏ အဟာရအခြေအနေများ ဆန်းစစ်၍ လိုအပ်သောအာဟာရ စောင့်ရှောက် မှုများ ဆောင်ရွက်ပေးခြင်း၊ မကျန်းမာသော အသက်(၅)နှစ်အောက်ကလေးများအား ကျန်းမာရေး စောင့်ရှောက်မှုများပေးခြင်း၊ အသက်တစ်နှစ်ခွဲအောက်ကလေးများအား ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်း များဆောင်ရွက်ခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါနေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသသော အသက်(၅) နှစ်အောက်ကလေး ၁၇ ဦးအား အဟာရစောင့်ရှောက်မှုပေးခြင်း၊ အသက်တစ်နှစ်ခွဲ အောက် ကလေး ၈ ဦးအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ နေမကောင်းမကျန်းမာ၍ ဆေးခန်းလာပြသူ(၅)နှစ်အောက်ကလေး၂ ဦးအား ကာကွယ်ဆေးထိုးနှံခြင်း စုစုပေါင်း ၂၇ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် မင်္ဂလာဒုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိကွက်သစ် S/C အပိုင် တိုးချဲ့ ၃ ရပ်ကွက်ရှိ ဓမ္မာရုံ၌ မွေးကင်းစမှ အသက်တစ်နှစ်ခွဲထိကလေးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ၊ လတ်တလောဖြစ်ပွားနေသောဝ မ်းပျက်ဝမ်းလျှောရောဂါ၊ COVID-19 ရောဂါ၊ ငှက်ဖျားရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။
မင်းသိန်းထွန်း