ကွန်ပျူတာတက္ကသိုလ်(မန္တလေး)တွင်ကျောင်းသား/ကျောင်းသူများ ဒုတိယနှစ်၀က် သင်တန်းအား ပညာသင်ကြားလျက်ရှိ

စဉ့်ကိုင်   ဇွန်  ၇            

 (၂၈-၃-၂၀၂၅)ရက်နေ့က လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့်မန္တလေး  တိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တအုံကျေးရွာအုပ်စုအတွင်းရှိ ကွန်ပျူတာ တက္ကသိုလ်(မန္တလေး)တွင်ကျင်းပမှု ခေတ္တရပ်နားခဲ့ရသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘွဲ့ကြို၊  ဘွဲ့လွန်စာမေးပွဲများအား ဇွန်၂ရက်   နံနက်ပိုင်းမှ စတင်၍ ဇွန်(၆) ရက်နေ့အထိ  ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၁၄၂)ဦး ဖြေဆိုခဲ့ကြပြီး ဒုတိယနှစ်၀က် သင်တန်းအား ဇွန် ၆ရက်  နံနက်ပိုင်းကစတင်၍ဘေးကင်း လုံခြုံစွာဖြင့်   အေးချမ်းစွာပျော်ရွှင်စွာပညာသင်ကြား လျက် ရှိ ကြောင်း သိရသည်။                        

ဇွန်(၅)ရက်နေ့တွင်  ပထမနှစ်ဝက်    ဖြေဆိုပြီးခဲ့သည့် ပထမနှစ်၊  ဒုတိယနှစ်၊ တတိယနှစ် စတုတ္ထနှစ်နှင့် မဟာတန်း(ရေးဖြေ)သင်တန်းများ၏   ဒုတိယနှစ်၀က် သင်တန်း အား ဇွန် လ ၆ ရက် နေ့ နံနက်ပိုင်းတွင်  စတင် ဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများသည် သိပ္ပံနှင့်နည်းပညာ၀န်ကြီးဌာနမှ တည်ဆောက်ပေးထားသော ယာယီဆောင်အသစ်များတွင် အေးချမ်းစွာဖြင့်   တက်ရောက်ပညာသင်ကြားလျက်ရှိပြီး   ဒုတိယပါမောက္ခချုပ်  ဒေါက်တာ စန်းစန်းတင့်နှင့် ဆရာ/ ဆရာမများ၊ ၀န်ထမ်းများကကျောင်းသား/ကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေး လိုအပ်သည်များကူညီပံ့ပိုးပေးခဲ့ကြောင်းသိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)