ပုဗ္ဗသီရိမြို့နယ်၌ MSME ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

ပုဗ္ဗသီရိ   ဇွန် ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် MSME ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီတွင် ပုဗ္ဗသီရိ‌ဈေး၌ ကျင်းပသည်။

ရှေးဦးစွာ ဈေးရောင်းပွဲတော်မုခ်ဦးအား နေပြည်တော်စက်မှုကြီးကြပ်‌ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဦး၊ ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစောနိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

ထို့နောက် တာဝန်ရှိသူများက MSME ဈေးရောင်းပွဲတော်အထိမ်းအမှတ် မြန်မာ့ရိုးရာခြင်းအလှခတ် ဖျော်ဖြေနေမှုနှင့် MSME ဒေသထွက်ကုန် အရောင်းပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး အဆိုပါ ပွဲတော်တွင် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဒေသထွက်ကုန်များ ရောင်းချပေးခြင်းအပြင် ချား၊ရဟတ်၊ ပျော့ပျော့အိ ကလေးကစားကွင်းများ စသည့်ပျော်ရွှင်ဖွယ် အစီအစဉ်မျိုးစုံဖြင့် ဇွန်လ ၄ ရက်‌နေ့မှစတင်ကာ ၁၃ ရက်နေ့အထိ စည်ကား သိုက်မြိုက်စွာကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အောင်ကို (ပုဗ္ဗသီရိ)