ကျောက်ဆည်မြို့တွင် မြေဆီလွှာအာဟာရဖွံ့ဖြိုးထက်သန်ရေး သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော် ထည့်သွင်း

ကျောက်ဆည်  ဇွန် ၇

မြေဆီလွှာအာဟာရ  ဖွံ့ဖြိုးထက်သန်ရေးအတွက်  ပိုက်ဆံလျှော်  သစ်စိမ်းမြေသြဇာ ထည့်သွင်း ပေးခြင်းကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရှမ်းတောင်ဦးကျေးရွာ တောင်သူ ဦးအောင်နိုင်ဦး၏ ကွင်းအမှတ် (၂၂၈-က)တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

အဆိုပါ ပိုက်ဆံလျှော သစ်စိမ်းမြေသြဇာထည့်သွင်းခြင်းကို ကျောက်ဆည်ခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ဆွေဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်တို့က တောင်သူများအား ပိုက်ဆံလျှော် သစ်စိမ်းမြေသြဇာသည် မြေဆီလွှာအတွက် အကျိုးကျေးဇူးများစွာရရှိပြီး မြေတွင်းအဟာရဓာတ်ကြွယ်ဝ၍ မြေသြဇာအဖြစ်အသုံး ပြုနိုင်ခြင်း ကြောင့် တောင်သူများအတွက်များစွာ အထောက်အကူပြုကြောင်းနှင့် ထယ်ထိုးမြေမြှုပ် နေမှုများကို ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

မြေဆီလွှာအာဟာရဖွံ့ဖြိုးထက်သန်ရေးအတွက် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်ကို စိုက်ပျိုး မည်ဆိုပါက မျိုးစေ့နှုန်း ၁ ဧက လျှင် ၆ ပြည်မှ ၁၂ ပြည်ထိ အသုံးပြုစိုက်ပျိုးရပြီး စိုက်ပျိုးပြီး ၄၅ ရက်သားမှ ၆၅ ရက်သားအကြာတွင် ထယ်တိုးမြေပြုပ်ပေးခြင်းဖြစ် သစ်စိမ်းမြေသြဇာပိုက်ဆံလျှော်မှ (Biomass)   ၇တန် မှ ၁၀ တန်အထိရရှိပြီး နိုက်ထရိုဂျင်ပမာဏ(၁၅၀)ကီလိုဂရမ်၊ ဖော့စဖရပ်စ် (၁၁) ကီလိုဂရမ်၊ ပိုတက်ဆီယမ်ဓာတ်(၄၈)ကီလိုဂရမ်အထိရရှိပြီး  မြေတွင်းအာဟာရဓာတ် ကြွယ်ဝ၍ မြေသြဇာအဖြစ် အသုံး ပြုနိုင်ခြင်းကြောင့် တောင်သူများအနေဖြင့် ဓာတ်မြေသြဇာ သုံးစွဲမှုကို လျော့နည်းပြီး ကုန်ကျစရိတ် သက်သာ စေမည်ဖြစ်ကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော်