တိုက်ကြီး ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်နိုင်ရန်အတွက် AVIP ဖြည့်သွင်းနည်း ရက်တိုသင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် ၉ နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဥမ္မာရွှေက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးကို ရှင်းလင်းပြောကြားပြီး တာဝန်ခံ အင်ဂျင်နီယာက လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် အိုင်ကလောင်ကျေးရွာ၊ ပျဉ်းမကုန်းကျေးရွာနှင့် ဝါးတောစုကျေးရွာတို့မှ တက်ရောက်လာသည့် သင်တန်းသားများကို စီမံကိန်းတာဝန်ခံက လူဦးရေနှင့်အခြေခံအချက် အလက်များ ကောက်ယူနည်း၊ သယံဇာတမြေပုံရေးဆွဲနည်း၊ ရာသီခွင်ပြပြက္ခဒိန်ရေးဆွဲနည်း၊ AVIP ဖြည့်သွင်းနည်း၊ လုပ်ငန်းပြီးစီးမှုအစီရင်ခံစာ တင်ပြနည်းနှင့် မှတ်တမ်းထိန်းသိမ်းနည်း သင်ခန်းစာများကို ဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)