ကျောက်ဆည် ဇွန် ၇
မန္တလေးတိုင်းသကြီး၊ ကျောက်ဆည်မြို့နယ်တွင် တိုင်းရင်းဆေးပညာဖြင့် ဆေးကုသပေးခြင်းကို ယမန်နေ့က လက်ပံကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ငလျင်ဘေးသင့်ပြည်သူများအား အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် ကျောက်ဆည်မြို့နယ် တိုင်းရင်းဆေးကုသရေးဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေမြင့်နှင့်အဖွဲ့သည့် ဒူးနာ၊ ခါးနာ၊ ယားနာ၊ ထုံနာကျင်နာ၊ ဇတ်ကျီးပေါင်း၊ ထိခိုက်ဒါဏ်ရာ စသည့်ရောဂါများအား ဆေးအမည်နံပါတ်များဖြင့် ကုသပေးခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက ကွင်းဆင်းကုသဆောင်ရွက်ပေးနေမှုအခြေအနေများကို ကြည့်ရှု့ခဲ့ပြီး လိုအပ်သည်များကူညီပေးခဲ့ကြောင်းနှင့် ကျား(၁၃)ဦး၊ မ(၄၁)ဦး စုစုပေါင်း(၅၄)ဦးများကို တိုင်းရင်းဆေး ပညာဖြင့် အခမဲ့ ကုသပေးခဲ့ကြောင်းသိရသည်။
စုစုအေး(ကျောက်ဆည်)