မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးနှင့်မူးယစ် ဆေး၀ါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြော

 မြောက်ဥက္ကလာပ     ဇွန်  ၇

 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းသား၊ကျောင်း သူများ အသိပညာဗဟုသုတများ ရရှိ စေရန် အတွက် ကျန်းမာရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေးဟောပြောခြင်းကို  ယမန်နေ့ နံနက် ၁၀  နာရီ အချိန် အဆိုပါကျောင်းရှိ  မြကန်သာခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် (၂) ဦးမင်းမင်းဦးက  အဖွင့် အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်က အမှာစကားပြောကြား သည်။ဆက်လက်၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း က  လူငယ်နှင့် မူးယစ်ဆေးဝါးများ အန္တရာယ်အကြောင်း၊ မိုးရာသီတွင်ဖြစ်ပွားသော ကူးစက်ရောဂါများအကြောင်း သိကောင်းစရာ (ခြင်မှ တစ်ဆင့်ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ရာသီတုပ်ကွေးရောဂါများ)အကြောင်း ၊ကျောင်းကျန်းမာရေးနှင့် ဆက်စပ်သော အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ဝေဘာဂီစခန်းမှူး ရဲအုပ် နေမျိုးလှိုင်က  လူငယ် နှင့် မူးယစ်  ဆေးဝါးအကြောင်း  ၊ မူးယစ် ဆေးဝါး သုံး‌စွဲခြင်း၏ ဆိုးကျိုးများ ၊ မူးယစ်ဆေးဝါး ရောင်း၀ယ်သုံးစွဲခြင်း၏ ပြစ်မှု၊  ပြစ်ဒဏ်များစသည့် အသိပညာဗဟုသုတများအား အကျယ် တ၀င့်  ရှင်းလင်းပြောကြား‌ပေးခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င် (၂) ဦးမင်းမင်းဦး၊ မြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ၊ ဝေဘာဂီစခန်းမှူး ရဲအုပ် နေမျိုးလှိုင်၊  မိခင် နှင့် ကလေး စောင့်ရှောက်ရေးအသင်း ၊ အမျိုးသမီးရေးရာ အဖွဲ့၀င်များ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး  ၊ ကျောင်း အုပ်ဆရာကြီး ဦးခိုင်စိုး နှင့် ဆရာ ၊ဆရာမများ ၊ ကျောင်းသား ၊ကျောင်းသူများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။၊

 သက်လွင်စိုး(မြောက်ဥက္ကလာ)