ကမာရွတ်မြို့နယ်တွင် အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေး

ရန်ကုန်       ဇွန်   ၇

ကမာရွတ်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂ဝ၂၅ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအပါအဝင် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁ဝ နာရီတွင် ကမာရွတ်မြို့နယ် အမှတ် (၂) အခြေခံပညာမူလတန်းကျောင်း ပညာဗိမာန်ခန်းမ၌ ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲတွင် ကမာရွတ်မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူက အဖွင့်အမှာစကား ပြောကြားပြီး၊ ကမာရွတ်မြို့နယ် အခွန်ဦးစီးဌာနမှူး ဦးသိန်းဝင်းနိုင်က အခွန်ဆိုင်ရာသိသင့်သိထိုက်သည်များအား ရှင်းလင်းဆွေး နွေးရာမြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်အခွန်ထမ်းစုစုပေါင်း ၁၀၈ ဦး တက်ရောက် ခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်ဆက်