အလုံ ဇွန် ၇
အလုံမြို့နယ်၌ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကရင်ခြံ ရပ်ကွက်၊ အမှတ်-၄ မူလတန်းကြိုကျောင်းတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မြရင်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်က သွေးလွန်တုပ်ကွေးရောဂါအကြောင်းနှင့် ရောဂါမဖြစ်ပွားအောင် ကာကွယ်ရမည့် နည်းလမ်းများ အကြောင်း၊ ဦးစီးအရာရှိ(သွားကျန်းမာ) ဒေါက်တာမေသီရိမှ ၅ နှစ်အောက်ကလေးများ၏ သွားနှင့်ခံတွင်း ကျန်းမာရေးအကြောင်းတို့အား အသိပညာပေးဟောပြောခဲ့ပြီး ခရိုင်မိခင် နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌမှ မူလတန်းကြိုကျောင်းအတွက်အလှူငွေအား ကျောင်းအုပ်ကြီး ထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက် ပူးပေါင်းအဖွဲ့မှ မူလတန်းကြိုကျောင်းရှိ ရေကန်အားအဘိတ်ဆေးခပ်ခြင်း၊ ကျောင်းဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာအား ဖုံး၊ သွန်၊ လှဲ၊ စစ် လုပ်ငန်းအားဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်မိခင်နှင့်ကလေးစောင့် ရှောက်ရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ပြည်သူ့ကျန်းမာရေးဌာန (မြို့နယ်စည်ပင် သာယာအုပ်ချုပ်ရေးမှူးရုံး)၊ ဆရာမများနှင့် ကျောင်းသားမိဘ (၇၀) ဦး တက်ရောက်ခဲ့ ကြောင်းသိရသည်။
ယောဧရာ(မြို့နယ်ပြန်/ဆက်)