ညောင်ဦး ဇွန် ၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန် ၇ ရက်၊ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေမှတ်သည် စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာသို့ရောက်ရှိရန် ၁၉၀ စင်တီမီတာခန့်လိုကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ခံ ဒေါ်ခင်လှနုထွေးထံက သိရသည်။
ညောင်ဦးခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယမန်နေ့ ညနေ ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည်စိုးရိမ်ရေမှတ် ၂၁၂၀ စင်တီမီတာ အောက်သာရောက်ရှိနေသေးပြီး ၂၁၂၀ စင်တီမီတာရောက်ရှိရန် ၂၀၄ စင်တီမီတာလိုကြောင်း၊ ယနေ့ နံနက် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ၁၉၃၀ စင်တီမီတာရှိနေကာ တဖြည်းဖြည်း တက်လာနေကြောင်း ဧရာဝတီမြစ်ရေစိုးရိမ်ရေမှတ် ရောက်ရှိရန် ၁၉၀ စင်တီမီတာသို့ရောက်ရှိကာ တဖြည်းဖြည်းနီးလာနေကြောင်း၊ မြစ်ရေကြီးမှုအခြေအနေအား ညောင်ဦးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နေ့စဉ်မြစ်ရေကြီးမှုအခြေအနေအား မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနနှင့်ပူးပေါင်းကာသတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ညောင်ဦးမြို့တွင် ဧရာဝတီမြစ်ရေတိုင်းတာခြင်းများအား တစ်ရက်သုံးကြိမ်တိုင်းတာကြောင်း၊ စိုးရိမ်ရေမှတ်ရောက်ရှိရန်နီးကပ်လာပါက ဧရာဝတီမြစ်ရေကြီးမှု သတိပေးချက်ထုတ် ပြန်ပေးသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ရုံးတာဝန်ရှိ သူများထံကသိရသည်။
ဒီပါလင်း