ရန်ကုန် ဇွန်လ ၇
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှဆောင်ရွက်လျက်ရှိသော ငလျင်တုံ့ပြန်ရေးဆိုင်ရာ Recovery Conference for Myanmar Earthquake ကို ဇွန်လ(၅)ရက်နေ့ နေ့လယ်ပိုင်းက အသင်းရန်ကုန် ရုံးခွဲတွင် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာ မျိုးညွန့်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC)မှ Mr. Xavier Castellanos, Undersecretary General, National Society Development and Coordination တို့က အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး Mr. Alexander Matheou, Regional Director for Asia Pacific, IFRC နှင့် Mr. Regis Savioz, Regional Director for Asia and the Pacific, ICRC တို့က နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Nadia Khoury တို့ကလက်ရှိဆောင်ရွက်နေသောငလျင် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများနှင့်ပြန်လည်ထူထောင်ရေးအခန်းကဏ္ဍတွင်ပါဝင်ဆောင်ရွက်မည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာကြသူများက ငလျင်တုံပြန်ဆောင်ရွက်နေမှုများ၊ ပြန်လည်ထူထောင်ရေးနှင့်ဘေးအန္တရာယ် ကြံ့ကြံ့ခံနိုင်စွမ်းတိုးမြှင့်ရေးဆိုင်ရာလိုအပ်ချက်များ၊ စွမ်းဆောင်နိုင်မှုများနှင့် ရည်မှန်းချက်များ၊ ရန်ပုံငွေဖြည့်တင်းပေးမည့်အစီအစဉ်များ၊ ပြန်လည်ထူထောင်ရေးအပိုင်းများကိုထိရောက်စွာဆောင်ရွက်နိုင်ရေးနှင့်ရှေ့ဆက် ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်၍ အကျယ်တဝံ့ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ အသင်းဥက္ကဌနှင့်အတူ အလုပ်အမှုဆောင်ပါမောက္ခ ဒေါက်တာဒေါ်ရီရီတင်နှင့် ပါမောက္ခ ဒေါက်တာတင်မောင်လှိုင်၊ ဒုတိယအထွေထွေအတွင်းအတွင်းရေးမှူး ဒေါက်တာ ဒေါ်ညိုညိုဝင့်နှင့် ဒေါ်သင်းသင်းအောင်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(IFRC)မှ တာဝန်ရှိသူများ၊ မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)