ပြင်ဦးလွင် ဇွန် ၇
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးဌာန မှ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်ခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အား ဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် ခရိုင်အဆင့် မိုးရာသီ လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကို ယမန်နေ့ နံနက် ( ၉ ) နာရီက ပြင်ဦးလွင်မြို့ ၊ မေမြို့ထင်းကြိုးဝိုင်း၊ အကွက်အမှတ်(၄၀)၊ မြို့ရှောင်ကားလမ်း ၊ မိုင်တိုင်အမှတ်(၄ /၀) အနီး၊ ညောင်နီ-ပိန္နဲကုန်းသွား ကားလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့သည် ။
ရှေးဦးစွာ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးရဲထူး က ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့အားလည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး က လူမှုရေးအသင်းအဖွဲ့များအားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအားလည်းကောင်း၊ ခရိုင်သစ်တောဦးစီးဌာန ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးအောင်သူ-၂ က ရွာသူ/ရွာသား များအားလည်းကောင်း စိုက်ပျိုးသစ်ပင်များအား အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အမျိုး သမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့် ကလေးစောက်ရှောက်ရေး အသင်းဝင်များ၊ ဆရာ/ဆရာမများ ၊ ကျောင်းသား/ ကျောင်းသူ များ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ရွာသူ/ရွာသားများ စုစုပေါင်းအင်အား (၃၇၇) ဦး တို့မှ ချယ်ရီပင်(၇၀၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ ကြကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင် ( ပြန်/ဆက် )