ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုလျက်ရှိ

ပုဇွန်တောင် ဇွန် ၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ ဗိုလ်တထောင်ဘုရားလမ်းရှိ ဘုရားဖြူဘုန်းတော်ကြီးကျောင်းတွင်  ဇွန် ၄ ရက်နေ့မှ  ၁၀ ရက်နေ့ထိ မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီထိ ဖြေဆိုလျက်ရှိသည်။

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲတွင်   ပုဇွန်တောင်မြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ သံဃာတော်များမှ ပထမကြီးတန်း(၁၁)ပါး၊ ပထမလတ်တန်း(၁၈)ပါး၊ ပထမငယ်တန်း (၁၀)ပါးနှင့် အခြေပြုမူလတန်းသံဃာ(၁၉)ပါးနှင့် လူပုဂ္ဂိုလ်(၁)ဦး ဖြေဆိုကြမည်ဖြစ်သည်။

ယင်းသို့ဖြေဆိုရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်ဆရာတော်များ၊ ပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌဆရာတော်၊ အကျိုးတော်ဆောင်ဆရာတော်နှင့်အဖွဲ့ဝင်ဆရာတော်များက အနီးကပ်ကြီးကြပ်ခဲ့ကြပြီး မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊ အမှတ် (၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့က ဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များအား ဝတ္ထုငွေများ အအေးဘူးများနှင့်ရေသန့်ဘူးများအား ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်