မန္တလေးနည်းပညာတက္ကသိုလ် (MTU)တွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြား

ပုသိမ်ကြီး ဇွန် ၆

မန္တလေးနည်းပညာတက္ကသိုလ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဒုတိယနှစ်ဝက်သင်တန်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်ဝက်တို့အား (၂-၆-၂၀၂၅) ရက်နေ့မှ စတင်၍ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိပြီး ဘွဲ့ကြိုအင်ဂျင်နီယာနှင့်ဗိသုကာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၈၁၂) ဦး၊ ဘွဲ့လွန်အင်ဂျင်နီယာနှင့် ဗိသုကာသင်တန်းကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၅၄) ဦး တို့သည် အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူလျက်ရှိသည်။

အဆိုပါ တက္ကသိုလ်တွင် ဘွဲ့ကြို၊ ဘွဲ့လွန်အင်ဂျင်နီယာနှင့် ဗိသုကာသင်တန်းများအတွက် မြို့ပြအင်ဂျင်နီယာ၊ ဗိသုကာ၊ စက်မှုအင်ဂျင်နီယာ၊ အီလက်ထရွန်နစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက် အလက်နည်းပညာ၊ မက္ကာထရောနစ်အင်ဂျင်နီယာ၊ ဓာတုအင်ဂျင်နီယာ၊ နျူကလီးယားနည်းပညာအင်ဂျင်နီယာ၊ သတ္တုတူးဖော်ရေးအင်ဂျင်နီယာ၊ စိုက်ပျိုးရေးအင်ဂျင်နီယာ၊ ဇီဝနည်းပညာစသည့် စုစုပေါင်းမေဂျာ (၁၂) ခုဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)