ရန်ကင်း ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် အမှတ်(၈)ရပ်ကွက် ပါရမီလမ်း၊ အမှတ် (၃၆) TETRA ACE Auto Care Motor werkzရှိ မော်တော်ယာဉ်ပြုပြင်ရေးလုပ်ငန်းမှ ၀န်ထမ်းများအား မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရှေးဦးလက်တွေ့မီးငြိမ်းသတ်ရေးသရုပ်ပြမှုများအား ယနေ့နံနက်(၁၀)နာရီက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ် ဒုတိယမီးသတ်ဦးစီးမှူး ဦးဇင်မင်းထွန်းက ဝန်ထမ်းများအနေဖြင့် မီးကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးထိခိုက်မှုများ မရှိစေရေး၊ မီးချိတ်မီးကပ်များနှင့် သဲအိတ်များ ထားရှိကြရန်၊ ရှုပ်ထွေးနေသော ဝါယာကြိုးများနှင့် ဆွေးမြေ့နေသော ဝါယာကြိုးများအား လဲလှယ်ခြင်းများ ပြုလုပ်ကြရန်၊ ရေသိုလှောင်န်ထားရှိရန်၊ ရုံးဆင်းရုံးပြန်မိန်းတင်မိန်းချခလုတ်များ သေချာစွာပြုလုပ်ပြီးမှ အိမ်ပြန်ကြရန် ရှင်းလင်းပြောကြားပေးခဲ့ပြီး ရှေးဦးလက်တွေ့မီးငြိမ်းသတ်ပုံအဆင့်ဆင့်၊ မီးသတ်ဆေးဘူးအသုံးပြုပုံ အဆင့်ဆင့်တို့ကို ဟောပြောဆွေးနွေးခဲ့ ပြီးရှေးဦးမီးငြိမ်း သတ်ရေးလက်တွေ့သရုပ်ပြဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများ၊ TETRA ACE Auto Care Motor werkz ရှိ မော်တော်ယာဉ်ပြုပြင်ရေးလုပ်ငန်းမှ ၀န်ထမ်းများ ၀န်ထမ်းအင်အား စုစုပေါင်း(၂၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
လှလှထွေး (ပြန်/ဆက်)