သာစည်မြို့နယ်၌ ၃၄ ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

သာစည် ဇွန် ၆

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ၂၀၂၄ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ အောင်သံဃာများနှင့် နိကာယ်အောင်သံဃာတော်များအား ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက် ကြာကန်ကျောင်းတိုက် အရိယာဝါသဓမ္မာရုံတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။        

ရှေးဦးစွာ အခမ်းအနားကို ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ သာစည်မြို့ဓမ္မာလင်္ကာရ ရေအားလျှပ်စစ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကဝိန္ဒာစာရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတဿက အဖက်ဖက်မှကူညီပံ့ပိုးကြသော ရဟန်းရှင်လူများအား ဝမ်းမြောက်စကားပြောကြားသည်။ ထို့နောက် နိကာယ်အောင်သံဃာတော် ၂၈ ပါး၊မူလတန်းအောင် ၆ ပါး၊အငယ်တန်းအောင် ၇ ပါးနှင့်အကြီးတန်း ၂ ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးတေဇာမြင့်နှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ဆွမ်းလောင်းအသင်းများက ဘွဲ့တံဆိပ်၊ စာအောင်လက်မှတ်များနှင့် ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းကြသည်။

ထို့နောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)