မင်္ဂလာဒုံ ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် အခြားကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်း ခြင်နှင့် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများ၊ ဈေးဆိုင်များသန့်(၄)သန့်နှင့် ညီညွတ်မှုရှိစေရန်စစ်ဆေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိသည်။
သွေးသွန်တုပ်ကွေးရောဂါကာကွယ်ရေး လုပ်ငန်းများဖြစ်သော အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်းဆေးမှုတ်ခြင်းနှင့် ဖုံးသွန်လဲစစ်လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းသိန်းထွန်း