မင်္ဂလာဒုံမြို့နယ်၌ သက်ကြီးရွယ်အိုဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကိုယ်ကာယလေ့ကျင့်ခန်းများ ဆောင်ရွက်ပေး

မင်္ဂလာဒုံ ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သက်ကြီးရွယ်အိုဘိုးဘွားများအား အဓိကကျန်းမာရေးစောင့်ရှောက်‌ပေးသည့်နေ့(ဗုဒ္ဓဟူးနေ့)အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၄ ရက်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် ကိုယ်ကာယ‌လေ့ကျင့်ခန်းများကို ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ဝင်းဝင်းမာနှင့် ကျန်းမာရေးဝန်ထမ်းများက သက်ကြီးရွယ်အိုဘိုးဘွားများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြပြီး COVID-19 ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟော ပြောဆောင်ရွက်ပြီးနောက်  လူနာများနှင့်အတူတကွ Chair Exercises ပြုလုပ်ခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း