ရွှေပြည်သာ ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှစာဖတ်ရှိန်မြှင်တင်ရေး အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဇွန်လ ၅ ရက်နေ့မွန်းလွဲ(၁)နာရီက အမှတ်(၂၄)ရပ်ကွက် (ဇီးကုန်းကျေးရွာ) ဖန်မီးအိမ် ကိုယ်အားကိုယ်ကိုးစာကြည့်တိုက်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် အမှတ်(၂၄)ရပ်ကွက် (ဇီးကုန်းကျေးရွာ) အုပ်ချုပ်ရေးမှူးဦးနိုင်မြင့်က အဖွင့်မုဒိတာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ ကလေးအလုပ်သမားပပျောက်ရေးတို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
နေမျိုးထွန်း