မန္တလေး ဇွန် ၆
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အားကစားနှင့်ကာယသိပ္ပံ(မန္တလေး)၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေးပေါင်းစပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အားကစားနှင့်ကာယသိပ္ပံ (မန္တလေး) ဘော်လီဘောအားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် အားကစားနှင့်ကာယသိပ္ပံ (မန္တလေး) ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တက်ရောက်မည့် သင်တန်းသားဦးရေစာရင်းကို အခမ်းအနား စီစဉ်တင်ဆက်သူမှ ဖတ်ကြားတင်ပြခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က လူငယ်လူရွယ်များ ချစ်ခင်ရင်းနှီးမှုရရှိပြီး စည်းလုံးညီညွတ်ရေးကို ဖော်ဆောင်နိုင်ရန်၊ အားကစားနည်းကို ပြည်သူတစ်ရပ်လုံး နိုးကြားတက်ကြွစွာ အားပေးလာခြင်းဖြင့် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာပြီး မြန်မာအားကစားအဆင့်အတန်း ပိုမိုမြင့်မားတိုးတက်လာစေရေးမှာ အထောက်အကူပြုနိုင်ရေး အတွက်ကိုလည်း ရည်ရွယ်ပြီး ကျင်းပပေးခြင်းလည်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းကလည်း အားကစားနှင့် ပက်သက်သည့် အကြောင်းအရာများကို အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး အလှူရှင်များမှ အလှူငွေများနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ စုစုပေါင်းအလှူငွေနှင့် ပစ္စည်းတန်ဖိုး (၅၉၉၂၀၀၀၀) သိန်းအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် အားကစားနှင့်ကာယသိပ္ပံ (မန္တလေး) ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်က ယခုလိုအားတက်သရောအဘက်ဘက်မှ ကူညီပံ့ပိုးပေးသူများဖြစ်သည့် အလှူရှင်များကို ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များက ခင်းကျင်းပြသထားသော အားကစားပစ္စည်းမျိုးစုံများ၊ အားကစားဓာတ်ပုံမှတ်တမ်းများအား လိုက်လံကြည့်ရှုခဲ့ပြီး အားကစားနှင့်ကာယသိပ္ပံ (မန္တလေး) အားကစားအဖွဲ့ဝင်များနှင့် တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။
ယင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိ ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယသိပ္ပံ (မန္တလေး)အားကစားအဖွဲ့ဝင် ကျောင်းသား/သူများ၊ မြို့နေရပ်ကွက် ရပ်မိရပ်ဖများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)