ကျောက်ပန်းတောင်း ဇွန် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးဆက်မှု မရှိစေရေးအတွက်၊ ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး PFIZER VACCINE ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းကစတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ထူးမြတ်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ထိုးနှံပေးရာတွင် အသက် (၁၈) နှစ်ပြည့်ပြီး ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မျှထိုးနှံခဲ့ခြင်းမရှိသူများနှင့် ယခင်ကာကွယ်ဆေးထိုးနှံခြင်း (၆) လပြည့်ပြီးသူများအား PFIZER VACCINE ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ရာ၊ မြို့ပေါ်ရပ်ကွက် (၁၂) ရပ်ကွက်နှင့် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများ လာရောက်ထိုးနှံကြလျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)