ကျောက်ဆည်မြို့တွင် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် သစ်ပင်စိုက်ပွဲကျင်းပ

ကျောက်ဆည် ဇွန် ၆

၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် သစ်ပင်စိုက်ပွဲကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်း၍ ယမန့်နေ့မွှန်းလွဲ (၃) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်စိုက်ပွဲကို ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးသီဟနှင့် ဝန်ထမ်းများ ကျေးလက်နေပြည်သူများ ပူးပေါင်းပြီး ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ထိမ်းအမှတ်အဖြစ် ကျောက်ဆည်မြို့နယ် လေးဆယ်ကုန်းကျေးရွာနှင့် စဉ့်ကိုင်မြို့နယ် ထန်းသုံးပင်ကျေးရွာတို့တွင် ဒေသနှင့်ကိုက်ညီသည့် အရိပ်ရအပင်များ ဖြစ်သည့် တမာပင်နှင့် မယ်ဇလီပင်များကို အမှတ်တရစိုက်ပျိုးခဲ့ကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော်