တံတားမြို့၌ အခြေခံပညာကျောင်းများတွင် ကျောင်းဖွင့်ရက်ပထမနေ့၌ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ကြား

တံတား ဇွန် ၅

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ဇွန်လ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိသည်။

အဆိုပါကျောင်းများ စတင်ဖွင့်လှစ်ရာတွင် တံတားမြို့အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ပြန်လည်ဖွင့်လှစ်ကြသည့် အထက်တန်းကျောင်း(၁)ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၁)ကျောင်း၊ မူလတန်းကျောင်း(၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်း စုစုပေါင်းကျောင်း(၄)ကျောင်းရှိပြီး အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ မေ ၂၃ ရက်နေ့မှ ဇွန် ၁ ရက်နေ့ထိ ကျောင်းအပ်နှံပြီးသူ ကျောင်းသား ၄၂၈ ဦး၊ ကျောင်းသူ ၄၂၂ ဦး၊ စုစုပေါင်း ၈၅၀ ဦးရှိသည်။

တံတားမြို့တွင်းရှိ ကျောင်းသား၊ ကျောင်းသူများမှာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် အေးချမ်းပျော်ရွှင်စွာဖြင့် ကျောင်းများ စတင်တက်ရောက် ပညာသင်ကြားနေပြီဖြစ်ကြောင်း သိရသည်။

ခန့်စည်သူဝင်း (ပြန်/ဆက်)