နည်းပညာတက္ကသိုလ်(ကျောက်ဆည်) တွင် ၂၀၂၄-၂၀၂၅ ဒုတိယပညာသင်နှစ်ဝက်နှင့် ၂၀၂၅-၂၀၂၆ ပထမပညာသင်နှစ်ဝက်တို့အတွက် ကျောင်းသား၊ကျောင်းသူများ  စတင်ဖွင့်လှစ်သင်ကြား

ကျောက်ဆည် ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဒုတိယပညာသင်နှစ်ဝက်နှင့် ၂၀၂၅-၂၀၂၆ ပထမပညာသင်နှစ်ဝက်တို့အတွက် ကျောင်းသား၊ကျောင်းသူများအား ဇွန်လ(၆)ရက်နံနက်ပိုင်းမှ စတင်၍ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ဒုတိယပညာသင်နှစ်ဝက် နှင့်၂၀၂၅-၂၀၂၆ ပထမပညာသင်နှစ်ဝက်တို့အတွက် ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ဒီပလိုမာသင်တန်းများကို ၂၀၂၅ ခုနှစ်၊ ဇွန်လ(၆)ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ဘာသာရပ်အသီးသီးအလိုက် စတင်သင်ကြားပေးလျက်ရှိပြီး ကျောင်းသား/ကျောင်းသူ ကျား(၅၅၂)ဦး၊ မ(၅၂၅)ဦး၊ စုစုပေါင်း (၁၀၇၇) ဦး အေးချမ်းစွာ တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

တင်တင်ထွေး (ပြန်/ဆက်)