လှည်းကူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

လှည်းကူး ဇွန် ၆

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂ ၅ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲများကို သာသနာ့ရိပ်သာရပ်ကွက်ရှိ နိဗ္ဗာန်ဆိပ်ဦး သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို ဇွန် ၄ ရက်နေ့ နေ့လယ် (၁၂) နာရီကကျင်းပ ပြုလုပ်ကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲ ပထမနေ့တွင် လှည်းကူးမြို့နယ်စာဖြေဌာန၌ ပထမကြီးတန်း ၆၁ ပါး၊ ပထမလတ်တန်း ၈၄ ပါး၊ ပထမငယ်တန်း ၂၁၈ ပါး၊ အခြေပြုမူလတန်း အပါး ၅၅၀၊ စုစုပေါင်း ၉၁၃ ပါး ဖြေဆိုတော်မူကြပြီး စာဖြေရဟန်းသာမဏေ သီလရှင်ဆရာလေးများနှင့် ကြီးကြပ်ရေးဆရာတော်များအား မဟာပုရိသကျောက်ဂူတောရ (၁၀ မိုင် ၂ ဖာလုံ) ဆရာတော်က ရေသန့်နှင့် အချိုရည်များ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုသံဃာတော်များနှင့် သီလရှင်များ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒဆရာတော်များ၊ စာဖြေဌာနကြီးကြပ်ရေးဆရာတော်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေးအေး