ရန်ကင်း ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မွေးကင်းစမှအသက် နှစ်နှစ်အောက် ကလေးငယ်များအား ကျန်းမာသန်စွမ်းရောဂါကင်းစင်စေရေးအတွက် လစဉ် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းနှင့် မိခင်များအားငှက်ဖျားပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက် ၁၉ နာရီက အမှတ်(၁)ရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။
ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီသီလတ်၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိ ကလေးငယ်များအား အသဲရောင်အသားဝါ (ဘီ)၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေး)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ဝက်သက်၊ ဂျိုက်သိုး၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးနှင့် အသက်နှစ်လမှ ၅၉ လအရွယ် ကလေးငယ်များအားလုံးကို ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးနေကြောင်း သိရသည်။
လှလှထွေး