ကွမ်းခြံကုန်း ဇွန် ၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကွမ်းခြံကုန်း၊ မြို့မဈေးတွင် Sprite အချိုရည်ဘူးများ စစ်ဆေးခြင်းကို ဇွန် ၃ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် စိတ်တိုင်းကျ (ရေသန့်အချိုရည်နှင့် ကုန်မျိုးစုံရောင်းဝယ်ရေး)၊ အောင်ချမ်းသာ(အဖျော်ရည်သမကာနှင့် အချိုရည်လက်လီ၊ လက်ကာအရောင်ဆိုင်၊ ခေတ်သစ်မုန့်တိုက်မုန့်မျိုးစုံရောင်ဝယ်ရေးဆိုင်များတွင် ရောင်းချသော Sprite အချိုရည်ဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် စားသုံးသူများဘေအန္တရာယ်ကင်းရှင်းစေရန်၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုယခုကဲ့သို့ လာရောက်စစ်ဆေးခြင်းနှင့် ကုန်အညွန်းအမှတ်အသားပြည့်စုံမှုရှိသော ကုန်စည်များရွေးချယ်ဝယ်ယူရောင်းချကြရန် လုပ်ငန်းရှင်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေး၊ မြို့နယ်စည်ပင်သာယာရေးရာအဖွဲ့၊ ဈေးတာဝန်ခံ ကျန်းမာရေး(၃)ဦးထွန်းထွန်း၊ မြို့နယ်ကျန်းမာရေးဆရာမ ဒေါ်သန်းသန်းစိုး ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)