တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာတက်ရောက်ပညာသင်ကြား

တွံတေး ဇွန် ၅

နိုင်ငံတစ်ဝှမ်းလုံးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် အ‌‌ခြေခံပညာသင်ကျောင်းများ စတင်ဖွင့်လှစ်ခြင်းကို ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ မြို့နယ်အတွင်းရှိ စာသင်ကျောင်းအသီးသီး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများဖွင့်လှစ်ရာတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ ကျောင်းပေါင်း(၂၁၅)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၁)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၄)ကျောင်း၊ ကိုယ်ပိုင်အလယ်တန်းကျောင်း(၁)ကျောင်း စုစုပေါင်း(၂၂၁)ကျောင်းရှိ‌ကြောင်း သိရသည်။ တွံတေးမြို့နယ်တွင် ယမန်နေ့အထိ ကျောင်းအပ်နှံပြီးသူ ကျောင်းသား/သူ(၃၈၈၉၈)ဦးရှိကြောင်း သိရသည်။

ကျောင်းအပ်ရာတွင်လည်း ငွေကြေးတစ်စုံတစ်ရာ ကောက်ခံခြင်းမရှိဘဲ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံများကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးကြောင်း သိရသည်။

တွံတေးသား